ဘ၀သမားတစ်ယောက်၏အိမ်

ကျနော့်အိမ်လေးက လာလည်ကြတဲ့ မိတ်ဆွေအပေါင်းကို ကြိုဆိုပါတယ်ဗျာ။

ကဲ ကျနော့်ဆီကို လာလည်ကြတဲ့မိတ်ဆွေများ ခရီးရောက်မဆိုက် ကျနော့်ရဲ့  ဘ၀ အတွေးအမြင်လေးများကို ဖတ်ရှုသုံးသပ်ပေးသွားကြပါဦးဗျာ။ ကျနော့်ဆီက ယူသင့်တာယူ ပယ်သင့်တာပယ်ပြီး မိတ်ဆွေတို့ ရဲ့  ဘ၀တွေမှာ အကျိုးထွန်းမယ်ဆိုရင် ကျနော် ကျေနပ်ပါပြီဗျာ။ အရင်ဆုံး ကျနော့်အိမ်လေးရဲ့  အကြောင်းကို နည်းနည်းလောက် ရှင်းပြပါရစေနော်။ ကျနော့်အိမ်လေးမှာ မိတ်ဆွေတို့ဖတ်ရှုနိုင်တာကတော့ ကျနော့်ရဲ့  မှတ်တမ်းစာအုပ်(ဘ၀ဇာတ်ကြောင်းတွေ၊ နေ့စဉ် အတွေ့အကြုံတွေ၊ခံစားချက်တွေ၊အတွေးအမြင်တွေ)၊ ပြီးတော့ ကျနော်နှစ်သက်တဲ့ သီချင်းတွေ၊ ကျနော်တို့မိသားစုရဲ့  ရေဒီယိုအဟောင်းလေးတစ်လုံး နဲ့ ကျနော့်ရဲ့  တီဗီအစုတ်လေးတစ်လုံး၊ ကျနော်ဖတ်ရှုခဲ့တဲ့ ပညာရပ်ဆိုင်ရာ စာအုပ်များနဲ့ ဆေးရောင်တွေ ပြယ်လွင့်နေတဲ့ ဓါတ်ပုံအယ်လ်ဘမ်တစ်ခုပါဘဲ။ မိတ်ဆွေတို့ အလိုရှိသလို ကိုယ့်အိမ်လိုသဘောထားပြီး သုံးစွဲဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။ မိတ်ဆွေတို့ လိုအပ်တိုင်းလည်း ကျနော့်အိမ်လေးမှာ လာရောက်နားခိုနိုင်ပါတယ်နော်။
 

Game တစ်ခုထဲမှ ဇာတ်ကောင်များပုံရိပ်

Dream
  ဘေးနားက ပုံလေးကိုရှုစားကြည့်ပါ။ ဒီလိုပုံမျိုးကို Game တွေဆော့ဖြစ်တဲ့ သူတော်တော် များများရင်းနှီးပါတယ်။ အဲ့ပုံလေးက ကျနော်ဖန်တီးထားတာပါ။ Game တွေအရပြောရရင် ဇာတ်ကောင်တွေကို မိတ်ဆက်ပေးတဲ့ မျက်နှာစာတစ်ခုပေါ့ဗျာ။ ကျနော့်ဘ၀မှာလေ ဒီအိမ်မက် ကြောင့် ကျနော့်ရဲ့  ကျောင်းသားဘ၀၊ လူငယ်ဘ၀ ကို စွန့်ခဲ့ရတာ ဆိုရင်လည်း မမှားပါဘူးဗျာ။

ကျနော့်အိမ်လေးရဲ့  အ၀င်မျက်နှာစာလေးမှာ ကျနော့်ရဲ့  စိတ်ကူးအချို့ ကိုဘဲ ကောက်နုတ်ရေးခြယ်ထားတာမို့ အိမ်လေးရဲ့  နေရာစုံအောင် လည်သွားဖို့လည်း ဖိတ်ခေါ်ပါတယ် ခင်ဗျာ။

ကျနော်မက်ခဲ့တဲ့ အိပ်မက်တစ်ခုပေါ့ဗျာ။အဲ့အိမ်မက်ကို သွားနေရင်း တကယ့်ကိုဘ၀ထဲ ရောက်လာရတာဘဲ။

လောကမှာ ရယူခြင်းနဲ့ ပေးဆပ်ခြင်းသဘောတရားကို လူတိုင်းနားလည်မယ်ထင်ပါတယ်ဗျာ။ လွယ်လွယ်ပြောရရင် ဘယ်အရာမှ အပေးမရှိဘဲ အယူမရှိဘူးပေါ့ဗျာ။ အဲ့သလို ပြောင်းလဲမရတဲ့ လောကနိယာမတစ်ခုကို လူသာမန်တစ်ယောက်ဖြစ်တဲ့ ကျနော်လည်း ဘယ်လွန်ဆန်နိုင်ပါ့မလဲ။
ကိုယ့်အိမ်မက် ကိုရောက်ရှိအောင်သွားဖို့ ကြီးမားတဲ့စွန့်လွှတ်မှုတွေ အများကြီးဘဲပေါ့။ ကျနော့်စွန့်လွှတ်မှုတွေဟာ ကျနော့် အတွက်တော့ကြီးမားတယ်လို့ထင်ရပေမယ့် မိတ်ဆွေတို့ရဲ့  ဘ၀နောက်ကြောင်းတွေနဲ့ ယှဉ်လိုက်ရင်တော့ မြူမှုန်လောက်ဘဲရှိနိုင်သလို၊ ညောင်ပင်လောက်လဲ ရှိနိုင်ပါတယ်။ ဘာဘဲပြောပြော ကျနော်ကတော့ ကိုယ့်အိမ်မက်တွေအတွက် ကျောင်းသားဘ၀ကို စွန့်လွှတ်ပြီး အသက် (၁၇)နှစ်ထဲက လူ့လောကထဲကို ၀င်လာခဲ့ရသလို အဲ့အတွက်လည်း ဘယ်တော့ မှ နောင်တမရမိအောင် ရောက်လေရာ အခြေအနေမှာ အကောင်းဆုံး မီးစင်ကြည့်ကနေတာပါဘဲ။